NEWS

B2B Gaming သည် စီမံလို့ရသောပြိုင်ပွဲစနစ်ကို စတင်ပါပြီ။ ပြိုင်ဆိုင်မှုပြင်းထန်သော iGamingg အတွက် မျက်နှာစာအသစ်။

B2B Gaming Launches Managed Tournament System – A New Era of Competitive iGaming

စီမံနိုင်သောပြိုင်ပွဲဝင်စနစ်စတင်ခြင်းနှင့်အတူ ၁ ရက်နေ့၊ အောက်တိုဘာလ၊ ၂၀၂၄ ခုနှစ်သည် B2B Gaming အတွက် အခြားအဓိကမှတ်တိုင်အဖြစ် ထင်ကျန်နေခဲ့သည်။ အွန်လိုင်းကာစီနိုများတွင် ကစားသူ၏ စွဲဆောင်မှု၊ ထိန်းသိမ်းမှုနှင့် ပြိုင်ဆိုင်မှုတို့ကို ပြန်လည်သတ်မှတ်ရန်ဒီဇိုင်းထုတ်ထားသည့် အပြောင်းအလဲကြီးမားစေမည့် အသွင်အပြင်သစ်ဖြစ်ပါသည်။

တိုက်ရိုက်ဘားကရက် နှင့် စလော့နှစ်မျိုးလုံးအတွက်တည်ဆောက်ထားသည့် ဤအဆင့်မြင့်စနစ်သည် လုပ်ငန်းရှင်များအားပေါင်းစည်းထားသောဆုကြေးငွေများ၊ အချိန်နှင့်တစ်ပြေးညီဦးဆောင်သူစာရင်းများနှင့် စိတ်ကြိုက်ပြင်ဆင်နိုင်သောစနစ်တပ်ဆင်မှုများဖြင့် လုံးဝကိုအလိုအလျောက်ဖြစ်သည့် အဆင့်များစွာပါသောပြိုင်ပွဲများကို စီမံခန့်ခွဲမှု platform တစ်ခုတည်းအောက်တွင် ကျင်းပရန် လုပ်ပိုင်ခွင့်ပေးထားပါသည်။

 

ပို၍စမတ်ကျသော ပြိုင်ပွဲဖွဲ့စည်းပုံ

ရိုးရာပြိုင်ပွဲစနစ်များသည် မကြာခဏဆိုသလို မတူညီသောအဆင့်များ (သို့) ကဏ္ဍများအတွက် သီးခြားပါဝင်ကြေးပေးဆောင်ရန်လိုအပ်ပြီး ပါဝင်မှုနှင့်ရေရှည်စွဲဆောင်မှုကိုကန့်သတ်ထားပါသည်။ B2B Gaming ၏ စီမံခန့်ခွဲသည့်ပြိုင်ပွဲစနစ်သည် ထိုပုံစံကိုလုံးဝပြောင်းလဲလိုက်ပါသည်။

ကစားသူများသည် နေ့စဉ်အဆင့်အတွက် တစ်ကြိမ်သာပါဝင်ကြေး ပေးဆောင်ရပြီး ၎င်းတို့သည် လစဉ်နှင့် နှစ်စဉ်ပြိုင်ပွဲများသို့ အလိုအလျောက် ဝင်ရောက်ခွင့်ရရှိပါသည်။ ဤနည်းလမ်းသည် စဉ်ဆက်မပြတ်ကစားခြင်းနှင့် ရေရှည်စိတ်လှုပ်ရှားမှုတို့ကိုအားပေးသည့် ဆန်းသစ်သောဖွဲ့စည်းပုံ ဖြစ်ပါသည်။

အဆင့်အားလုံးကို စနစ်တစ်ခုတည်းအဖြစ်ပေါင်းစည်းလိုက်ခြင်းဖြင့် လုပ်ငန်းရှင်များသည် နေ့စဉ်၊ လစဉ်၊ နှင့် နှစ်စဉ်ပွဲများကို ချောမွေ့စွာပေးအပ်နိုင်ပြီး ရေရှည်ထိန်းသိမ်းမှုနှင့် ကစားသူတန်ဖိုးတိုးမြှင့်ခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။

 

ဆောင်ရွက်ပုံ အဆင့်ဆင့်

  1. နေ့စဉ် ကဏ္ဍများ – ကစားသူများသည် တစ်ကြိမ်ပါဝင်ကြေးကို (၂) ဒေါ်လာအနည်းဆုံးဖြင့်ပေးချေနိုင်ပြီး နေ့စဉ်အချိန်ဇယားများစွာတွင် ယှဉ်ပြိုင်နိုင်သည်။
  2. ဦးဆောင်သူအဆင့်သတ်မှတ်ချက်များ – ရလဒ်များကို turnover နှင့် လောင်းကြေးအရေအတွက် (bet count) ပေါ်တွင်အခြေခံထားပြီး ပမာဏ (volume) နှင့် လှုပ်ရှားမှု (activity) နှစ်မျိုးလုံးကို ဆုချပါသည်။
  3. နေ့စဉ်ဆုကြေးများ – ထိပ်တန်းကစားသူ ၃ ဦးသည် ပွင့်လင်းမြင်သာသော ခွဲဝေမှုဖြင့် ဆုရရှိပါသည်။
    • 🥇 ၇၀% – ပထမ နေရာ
    • 🥈၂၀% – ဒုတိယ နေရာ
    • 🥉 ၁၀% – တတိယ နေရာ
  4. ၄။ ဆုကြေးငွေ ခွဲဝေချထားမှု
    • ၈၀% → နေ့စဉ် ဆုကြေးငွေ စုစုပေါင်း
    • ၈% → လစဉ် ဆုကြေးငွေ စုစုပေါင်း
    • ၂% → နှစ်စဉ် ဆုကြေးငွေ စုစုပေါင်း
    • ၁၀% → ပြိုင်ပွဲ စီမံခန့်ခွဲမှု အခကြေးငွေ

ယင်းသည် စဉ်ဆက်မပြတ်ဆုကြေးငွေတိုးပွားမှုကိုသေချာစေပြီး နေ့စဉ်၊ လစဉ်၊ နှစ်စဉ် စသည်ဖြင့် အဆင့်တိုင်းသည် ဆွဲဆောင်မှုရှိသောဆုလာဘ်များကိုပေးကြောင်း အာမခံပါသည်။

 

လုပ်ငန်းရှင်များ နှစ်သက်ရသည့် အကြောင်းရင်း။

B2B Gaming ပြိုင်ပွဲစနစ်သည် ကစားသူကိုသာအာရုံစိုက်သည်မဟုတ်။ B2B Gamingသည် white-label မိတ်ဖက်လုပ်ငန်းရှင်များအတွက် လုပ်ငန်းလည်ပတ်မှုများကိုရိုးရှင်းစေရန် တည်ဆောက်ထားခြင်းဖြစ်သည်။

လုပ်ငန်းရှင်များအတွက် အဓိကအကျိုးကျေးဇူးများ။

  • အလိုအလျောက် ပွဲစဉ်များ ဖန်တီးခြင်းနှင့် အချိန်ဇယားသတ်မှတ်ခြင်း။
  • ကဏ္ဍအားလုံးတစ်လျှောက် အချိန်နှင့်တစ်ပြေးညီ အဆင့်သတ်မှတ်ချက်များ အပ်ဒိတ်ပြုလုပ်ခြင်း။
  • စုစည်းထားသည့် အချက်အလက်ထုတ်ပြန်ခြင်း နှင့် ကစားသူလှုပ်ရှားမှု စောင့်ကြည့်ခြင်း။
  • စိတ်ကြိုက်ပြင်ဆင်နိုင်သော ပါဝင်ကြေး၊ ဆုအဆင့်အတန်းများနှင့် ပါဝင်မှုစည်းမျဉ်းများ။
  • B2B တိုက်ရိုက်ဘားကရက် နှင့် B2B စလော့နှစ်မျိုးလုံးအတွက် ရရှိနိုင်ပါသည်။

လုပ်ပ်ငန်းရှင်များသည် ပြိုင်ပွဲများကို ထပ်ဆောင်းလူအင်အား (သို့) လူကိုယ်တိုင်ကြီးကြပ်မှုမလိုအပ်ဘဲကျင်းပနိုင်သောကြောင့် စျေးကွက်ရှာဖွေခြင်းနှင့် ကစားသူစုဆောင်းခြင်းတို့အပေါ်တွင် လွတ်လွတ်လပ်လပ် အာရုံစိုက်နိုင်ကြသည်။

 

ကစားသူထိန်းသိမ်းမှုနှင့် စွဲဆောင်မှုမြှင့်တင်ခြင်း။

ရေတိုကစားခြင်းကို ရေရှည်ဆုလာဘ်များနှင့်ချိတ်ဆက်ပေးခြင်းဖြင့် ကစားသူများအား ၎င်းတို့၏ရပ်တည်မှုကို ထိန်းသိမ်းရန်နှင့် အဆင့်သတ်မှတ်ချက်များကို မြှင့်တင်ရန်အတွက် နေ့စဉ်ကစားရန် ဆွဲဆောင်ထားပါသည်။နေ့စဉ်ပြိုင်ပွဲငါးခုနှင့် တိုးမြှင့်ပေးအပ်သည့်ဆုကြေးငွေများဖြင့် ကစားသူများသည် မကြာခဏစိတ်လှုပ်ရှားမှုများကိုခံစားရပြီး တစ်ချိန်တည်းမှာပင် အဓိကလစဉ်နှင့် နှစ်စဉ်ဆုကြီးများအတွက် ကြိုးပမ်းနိုင်ပါသည်။

ဤအဆင့်လိုက်တိုးတက်မှုသည် သစ္စာစောင့်သိမှုကိုပိုမိုခိုင်မာစေပြီး ၎င်းသည် ရေရှည်ကစားသူတန်ဖိုး နှင့် ဆိုက်ထိန်းသိမ်းမှုနှုန်းကို မြှင့်တင်ရန် ရည်ရွယ်သည့်လုပ်ငန်းရှင် များအတွက် အဓိကအချင်းအရာဖြစ်လာပါသည်။

 

iGaming ပြိုင်ဆိုင်မှုနယ်ပယ်၏ အနာဂတ်ကို ဦးတည်သောလှမ်းချီမှု။

B2B Gaming ၏ စီမံနိုင်သောပြိုင်ပွဲစနစ်သည် ပိုမိုစမတ်ကျပြီး အချက်အလက်များအပေါ်အခြေခံသည့် ကစားသူအားစွဲဆောင်မှုဆီသို့ ဦးတည်သောအပြောင်းအလဲကို ကိုယ်စားပြုသည်။ ၎င်းသည် ဖျော်ဖြေရေးနှင့် မဟာဗျူဟာကိုပေါင်းစည်းပြီး စဉ်ဆက်မပြတ်ပါဝင်မှုနှင့် မျှတသောပြိုင်ဆိုင်မှုကို အကျိုးပေးပါသည်။

ဤဆန်းသစ်တီထွင်မှုသည် B2B Gaming ၏ turnkey iGaming ဖြေရှင်းချက်များတွင် ဦးဆောင်သူအဖြစ်ရပ်တည်မှုကိုပိုမိုခိုင်မာစေပြီး တီထွင်ဖန်တီးမှု၊ နည်းပညာနှင့် စိတ်ချယုံကြည်ရမှုကို ထုတ်ကုန်တိုင်းတွင်ပေါင်းစပ်ပေးထားပါသည်။

ယှဉ်ပြိုင်နိုင်သည့်အားသာချက်ကို ရှာဖွေနေသောလုပ်ငန်းရှင်များအတွက် စီမံနိုင်သောပြိုင်ပွဲဝင်စနစ်သည် B2B white-label ဖောက်သည်များအားလုံးအတွက် အသင့်သုံးအသွင်အပြင်ကို ဖန်တီးပေးထားခြင်းဖြစ်သည်။

Leave a comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်